About

သောတရှင်များအတွက် ပညာနယ်နမိတ်ဂီတရိပ်တို့နဲ့ရွှင်လန်းကျန်းမာ ယဉ်ကျေးမှုတို့ထုတ်လွှင့်ရာ FM ပုဂံရေဒီယို အသံလွှင့်ဌာနကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလမှာ စတင်ပြီးတည်ထောင်ခဲ့ပါတယ်။ ရေဒီယိုထုတ်လွှင့်မှုကိုတော့ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ ၂၀၁၀ခုနှစ် ဇန်န၀ါရီလ (၁)ရက်နေ့မှာ စတင် တင်ဆက်ထုတ်လွှင့်ခဲ့ပါတယ်။ ယခုချိန်မှာတော့ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီးများနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းဒေသများကို ထပ်မံတိုးချဲ့ထုတ်လွှင့်နေပါတယ်။ FM ပုဂံရေဒီယိုမှ သောတရှင်အများပြည်သူများအတွက် ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ ဆက်စပ်တဲ့ အစီအစဉ်များ၊ လူမှုရေးအသင်းအဖွဲ့များရဲ့ လှုပ်ရှားမှုများ၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရေးအတွက် အစီအစဉ်များ၊ ကလေးသူငယ်များအတွက် ကျန်းမာရေးနဲ့ပညာရေးအသိပညာများ၊ အရေးပေါ်ကယ်ဆယ်ရေးနဲ့ ရှေးဦးသူနာပြုစုခြင်းအစီအစဉ်များ သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ခြင်းတို့အတွက် သိမှတ်စရာ အဖြာဖြာတို့အပြင် ကျန်းမာရေး၊ အသိပညာ၊ စီးပွားရေးနဲ့ သတင်းအချက်အလက်များ၊ မိုးလေ၀သသတင်းများ၊ စိုက်ပျိုးရေးနဲ့သက်ဆိုင်သော အစီအစဉ်များ၊ ယဉ်ကျေးမှုဆိုင်ရာအနုရသများ၊ ခံစားဖန်တီးမှုအနုပညာများ၊ တေးသီချင်းများကို နေ့စဉ် နံနက်(၅း၀၀)နာရီမှ ည(၁၁း၀၀)နာရီအထိ အစဉ်တစ်စိုက်ကြိုးစားပြီး ထုတ်လွှင့်တင်ဆက် ပေးနေပါတယ်။