News

News
04-Apr-2018

Sight Seeing ကြည့်ရန် အမိုးဖွင့်ကားဖြင့် ၀န်ဆောင်မှုပေး

အမိုးဖွင့်ကားဖြင့် မြို့အလှလိုက်လံကြည့်ရှုသည့်ဝန်ဆောင်မှုကို ရန်ကုန်၊ မန္တလေး၊ ပုဂံနှင့် ပြင်ဦးလွင်မြို့တို့တွင် ၀န်ဆောင်မှုပေးရန် ရန်ကုန်မှာစမ်းသပ်ပြေးဆွဲလျက်ရှိကြောင်းသိရှိရသည်။ မတ်လ ၁၉ ရက်မှ ဧပြီလ ၈ ရက်နေ့ အထိ ရန်ကုန်တွင်စမ်းသပ်လျက်ရှိပြီး ဧပြီလကုန်တွင် မန္တလေး၊ ပုဂံနှင့် ပြင်ဦးလွင်မြို့များတွင် ထပ်မံစမ်းသပ်သွား မည်ဟု ၀န်ဆောင်မှုပေးသည့် Aquamarine Ecotourism Development ကုမ္ပဏီက သိရသည်။ စမ်းသပ်ကာလ တွင် အမိုးဖွင့်ကားပြေးဆွဲမှုကို ရန်ကုန်မြို့တော်ခန်းမရှေ့မှ နံနက် ၇ နာရီတွင်တစ်ကြိမ်နှင့် ညနေ ၅ နာရီတစ်ကြိမ် ထွက်ခွာလျက်ရှိပြီး စမ်းသပ်ကာလအတွင်း အခမဲ့စီးနင်းခွင့်ကိုတော့ Mingalarbus နှင့် ဆက်သွယ်ဝယ်ယူနိုင် ကြောင်းသိရှိရသည်။ လက်ရှိတွင်စမ်းသပ်ဆဲကာလတွင် ရှိနေသည့် အမိုးဖွင့်ကားပြေးဆွဲမှုကို အောက်တိုဘာ ၁ ရက်နေ့မှစတင်၍ တရားဝင်ပြေးဆွဲပေးသွားမည်ဟုသိရှိထားပြီး Mingalarbus အမည်ဖြင့် ရန်ကုန်တွင်တစ်စီး၊ မန္တလေးတွင် တစ်စီး၊ ပုဂံတွင် နှစ်စီးနှင့် ပြင်ဦးလွင်တွင် တစ်စီးဖြင့် ပြေးဆွဲပေးသွားမည်ဟု သိရှိရသည်။ ဒါ့အပြင် မနက်ပိုင်း ညနေပိုင်း များနှင့် လွတ်ကင်းချိန်များတွင်လည်း စင်းလုံးဌားဝန်ဆောင်မှုကိုပေးသွားမည်ဖြစ်ပြီး အမိုးဖွင့်ကား စီးနင်းခအဖြစ် နိုင်ငံခြားသားတစ်ဦးလျှင် လူကြီး ၁၅ ဒေါ်လာ၊ ကလေး ၁၀ ဒေါ်လာကျသင့်မည်ဖြစ်ပြီး မြန်မာနိုင်ငံသားတစ်ဦးလျှင် လူကြီး တစ်သောင်းကျပ်၊ ကလေး ရှစ်ထောင်ကျပ်သတ်မှတ်ထားကြောင်းသိရှိရပါသည်။ ကိုးကား - 7DayDaily

Read More
News
04-Apr-2018

ကန်တော်မင်္ဂလာပန်းခြံနှင့် အနော်ရထာလမ်းတို့တွင် ရန်ကုန်လမ်းလျှောက်သင်္ကြန်ကျင်းပမည်

မဟာသင်္ကြန်ပွဲတော်ကလာတွင် ရန်ကုန်လမ်းလျှောက်သင်္ကြန်ကိုလည်း ထည့်သွင်းကျင်းပသွားမှာဖြစ်ပြီး ရန်ကုန်မြို့ ကန်တော်မင်္ဂလာပန်းခြံနှင့် အနော်ရထာလမ်းတို့တွင် ကျင်းပသွားမှာဖြစ်ကြောင်း သိရသည်။ လမ်းလျှောက်သင်္ကြန် တွင် စတုဒိသာကျွေးမွေးခြင်းများပါဝင်မှာဖြစ်ပြီး သခင်မြပန်းခြံတွင်လည်း စတုဒီသာကျွေးမွေးမည်ဟု သိရသည်။ ရန်ကုန်လမ်းလျှောက်သင်္ကြန်ပွဲတော်ကို လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက ပုဂ္ဂလိကအဖွဲ့အစည်းများ၏ ဦးဆောင် မှုဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင်းခြောက်မြို့နယ်အပါအ၀င် မဟာဗန္ဓုလပန်းခြံအနီးတို့တွင်ကျင်းပခဲ့သည်ဟု သိရှိရသည်။ ကိုးကား - မြန်မာတိုင်းမ်နေ့စဉ်သတင်းစာ

Read More
News
04-Apr-2018

အိမ်သုံးမီတာတပ်ဆင်ခများ ဧပြီလ (၁) ရက်နေ့မှစပြီးပြင်ဆင်မည်

အိမ်သုံးမီတာတပ်ဆင်ခနှုန်းထားများကို လာမည့် ဧပြီလ (၁)ရက်နေ့မှစတင်ပြီး ပြင်ဆင်သတ်မှတ်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက မတ်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့သည်။ ပြောင်းလဲသတ်မှတ်မည့် မီတာတပ်ဆင်ခနှုန်းထားများအရ ကျေးလက်ဒေသသုံး (5/30) Manual အတွက် ကျပ် ၃၅,၀၀၀၊ မြို့ငယ်သုံး (5/30) HHU အတွက် ကျပ် ၆၅,၀၀၀၊ မြို့ကြီးသုံး (10/60) HHU အတွက် ကျပ် ၈၀,၀၀၀ အသီးသီးသတ်မှတ်ထားပြီး မည်သည့်မီတာအသစ်တပ်ဆင်မှုအတွက်မဆို အခြားကုန်ကျစရိတ်အဖြစ် အာမခံ စပေါ် ငွေကျပ် ၄,၀၀၀၊ ကြိုးသွယ်ခ ကျပ် ၂,၀၀၀၊ မီးဆက်ခ ကျပ် ၂,၀၀၀၊ ကြီးကြပ်ခ ကျပ် ၁,၀၀၀ နှင့် မီတာလျှောက်လွှာ မှတ်ပုံတင်ကြေး ကျပ် ၁,၀၀၀ တို့ထပ်မံပေးဆောင်ရမှာဖြစ်ကြောင်းသိရသည်။ ကိုးကား - မြန်မာတိုင်းမ်နေ့စဉ်သတင်းစာ

Read More
News
04-Apr-2018

စက်တင်ဘာ (၁) ရက် အောင်လအန်ဆန် Light Heavy Weight ချန်ပီယံကာကွယ်ပွဲထိုးမည်

MMA ပြိုင်ပွဲများတာဝန်ယူကျင်းပနေသည့် One Championship နှင့် ၂၀၂၀ ပြည့်နှစ်အထိ စာချုပ်ချုပ်ဆိုထားသည့် အောင်လအန်ဆန်က လာမယ့် စက်တင်ဘာ (၁) ရက်နေ့မှတော့ Light Heavy Weight ချန်ပီယံကာကွယ်ပွဲကို ရန်ကုန်မှာ ထိုးသတ်သွားမယ်လို့ One Championship က သတင်းထုတ်ပြန်ထားသည်။ မူလတုန်းက အခုပွဲကို ဂျပန်နိုင်ငံမှာကျင်းပဖို့ရည်ရွယ်ထားကြောင်းသိရပေမယ့် လက်ရှိသတင်းများအရ ရန်ကုန်မြို့ အမျိုးသားအားကစား ပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင် ပြောင်းလဲကျင်းပမှာဖြစ်ကြောင်းသိရသည်။ အောင်လအန်ဆန်ဟာ စက်တင်ဘာ (၁) ရက် နေ့တွင် Light Heavy Weight ချန်ပီယံကာကွယ်ပွဲထိုးသတ်မည်ဆိုသော်လည်း ပြိုင်ဘက်ကိုတော့ မသိရှိရသေး ကြောင်းနဲ့ ၄င်းရဲ့ကမ္ဘာ့ချန်ပီယံဆုကို စိန်ခေါ်ဖို့အတွက် ပြိုင်ဘက်ဟောင်း အလိန်းဂါလာနီကတော့ ကြိုးပမ်းလျက် ရှိကြောင်းသိရှိရသည်။ ကိုးကား - 7DayDaily

Read More
News
04-Apr-2018

Forbes မဂ္ဂဇင်းမှရွေးချယ်သည့် အာရှတစ်ခွင် အသက် (၃၀) အောက်ထူးချွန်လူငယ် ၃၀ စာရင်းတွင် အမွန်းပါဝင်

Forbes မဂ္ဂဇင်း၏ အာရှတစ်ခွင် အသက် (၃၀) အောက် ထူးချွန်လူငယ် ၃၀ ရွေးချယ်ရာတွင် မြန်မာအဆိုတော် အမွန်းအနေဖြင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက စကာတင်စာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပြီး ယခုအချိန်မှာတော့ သေချာပေါက်ရွေးချယ်ခံခဲ့ရပြီဖြစ်ကြောင်း သိရှိရပါသည်။ အမွန်းအနေနဲ့ အခုလိုရွေးချယ်ခံထားရတာကြောင့် လာမယ့် ဇူလိုင်လ ၁၆ ရက်နေ့မှာတော့ ဟောင်ကောင်ကို သွားရောက်ပြီး အကဲဖြတ်ဒိုင်တွေ၊ ရွေးချယ်ခံရတဲ့ အနုပညာရှင်၊ အားကစားသမားစသည်တို့နဲ့ သွားရောက်တွေ့ဆုံ ရမှာဖြစ်ကြောင်းသိရှိရသည်။ Forbes မဂ္ဂဇင်း၏ အာရှထူးချွန်လူငယ် ၃၀ ရွေးချယ်သည့်စာရင်းတွင် ကိုရီးယား၊ မလေးရှား၊ သြစတြေးလျ၊ ဂျပန်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တရုတ် နှင့် ပါကစ္စတန်နိုင်ငံများမှ အနုပညာရှင်များ ၊ အားကစားသမားများ ပါဝင်သည်ဟု သိရှိရပြီး နယ်ပယ်အသီးသီးက ထူးချွန်လူငယ် အယောက် ၂၀၀၀ ကျော်မှ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ Forbes မဂ္ဂဇင်း၏ ၂၀၁၆ ရွေးချယ်မှုတုန်းက Yangon Tea House တည်ထောင်သူ ကိုထက်မြက်ဦး နှင့် ၂၀၁၇ ရွေးချယ်မှုမှာတော့ အမရာ Digital Marketing Agency တည်ထောင်သူ မချမ်းမြေ့ခိုင်တို့လည်း ရွေးချယ်ခံခဲ့ရဖူး ကြောင်းသိရှိရသည်။ ကိုးကား - 7DayDaily

Read More

Frequency & Coverage

ရန်ကုန်တိုင်းဒေသကြီး 89.9 MHz
မန္တလေးတိုင်းဒေသကြီး 93.4MHz, 88.3 MHz
နေပြည်တော် 93.7 MHz
မကွေးတိုင်းဒေသကြီး 89.8 MHz, 89.2 MHz
ချင်းပြည်နယ် 89.2 MHz, 89.8 MHz
ဧရာဝတီတိုင်းဒေသကြီး 94.9 MHz
စစ်ကိုင်းတိုင်းဒေသကြီး 93.4 MHz
ရှမ်းပြည်နယ် 93.4 MHz
ပဲခူးတိုင်းဒေသကြီး 94.9 MHz
မွန်ပြည်နယ် 93.7 MHz
တနင်္သာရီတိုင်းဒေသကြီး 94.6 MHz

Today Highlight Program

View All
  • 7:00am ~ 8:00am ကုန်စည်ဈေးနှုန်း
  • 12:00pm ~ 1:00pm စိုက်ပါမွေးပါတို့ကျေးရွာ
  • 10:00pm ~ 11:00pm ညတေးကဗျာ
  • 7:00pm ~ 8:00pm ညညှင်းလေပြေ
  • 7:00am ~ 8:00am တောင်ဇလပ်မြေမှတေးသီချင်းများ
  • 4:00pm ~ 5:00pm ရဲငွေစိုးနဲ့သီချင်းများ
  • 11:am ~ 12:00pm လူငယ်ကြိုက်တေးသီချင်းများ(Live)
  • 1~2pm & 8~9pm သတင်း
  • 5:00am ~ 6:00am အဖွင့်နှုတ်ခွန်းဆက်စကား+တရားတော်
  • 6:00am ~ 7:00am ဦးဘစိုးတင့်၏အစီစဉ်များ
  • 7:00am ~ 8:00am Bagan Breakfast
  • 5:00pm ~ 6:00pm Bagan Celebrity Choice
  • 11:am ~ 12:00pm Bagan Chat Talk (Interview)(Live)
  • 8:00am ~ 9:00am Bagan Kitchen
  • 8:00am ~ 9:00am Bagan News Hour(Live)
  • 3:00pm ~ 4:00pm Bagan Tea Break Talk Show(Live)
  • 9:00am ~ 10:00am Colourful Songs Playlist (Live)
  • 6:00pm ~ 7:00pm Musical Evening Song Request
  • 1:00pm ~ 2:00pm Notice
  • 1:00pm ~ 2:00pm Represent (Bro G)
  • 9~10pm & 2~3pm Solo Exhibition
  • 8:00pm ~ 9:00pm Song For Soul
  • 10:00am ~ 11:00am Songs Request
  • 12:00pm ~ 1:00pm Today Bagan Special Hits (Live)
  • 9:00pm ~ 10:00pm Traffic
  • 9:00am ~ 10:00am Wish For You

We are avaliable on

App Store Google Store

Have a song request?