About Us

“ပညာနယ်နိမိတ် ဂီတရိပ်တို့နဲ့ ရွှင်လန်းကျန်းမာယဉ်ကျေးမှုတို့ ထုတ်လွှင့်ရာFMပုဂံ”

နိုင်ငံတစ်ဝန်းလုံးမှ နားဆင်သူသောတရှင်တို့ထံအရောက် အစီအစဉ်ကောင်းများကိုထုတ်လွှင့်ပေးလျက်ရှိတဲ့ FMပုဂံကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီးရေဒီယိုထုတ်လွှင့်မှုကိုတော့ ၂၀၁၀ခုနှစ် ဇန်န၀ါရီလ (၁) နေ့တွင် မကွေးတိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်တို့တွင် စတင်ခဲ့ပါသည်။

မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်းမှ သောတရှင်ပြည်သူတို့အတွက် သုတရသရေဒီယိုအစီအစဉ်ကောင်းများကိုအစဉ်တစိုက်ထုတ်လွှင့်ပေးခဲ့ရာမှ လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်ပါ နေ့စဉ် နံနက် ၅ နာရီမှ ည ၁၁ နာရီအချိန်ထိထုတ်လွှင့်ပေးလျက်ရှိပါသည်။

အထက်ဖော်ပြပါ တိုင်းဒေသကြီးများအပြင် သောတရှင်ပြည်သူတို့၏ တောင်းဆိုမှုများနှင့်အတူ FM ပုဂံမှလည်းလိုအပ်သည့်နေရာဒသများသို့တိုးချဲ့ထုတ်လွှင့်နိုင်ရန် အစဉ်တစိုက် ကြိုးစားလျက်ရှိရာယခုနှစ် ၂၀၁၈ ခုနှစ် ဧပြီလအတွင်းတွင် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးများတွင်ပါ FMပုဂံရေဒီယိုအစီအစဉ်များကိုတိုးချဲ့ထုတ်လွှင့်ပေးသွားရန် စီစဉ်လျက်ရှိသဖြင့် မကြာမီ မြန်မာနိုင်ငံတစ်ဝန်းလုံးနီးပါးတွင် FMပုဂံရေဒီယိုကိုနားဆင်နိုင်တော့မည်ဖြစ်ပါသည်။

FM ပုဂံရေဒီယိုမှ နားဆင်သူသောတရှင်ပြည်သူများအတွက် ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ ပတ်သက်သောအစီအစဉ်များ၊ လူမှုရေးအသင်းအဖွဲ့များရဲ့လှုပ်ရှားမှုများ၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရေးအတွက် အစီအစဉ်များ၊ ကလေးသူငယ်များအတွက် ကျန်းမာရေးနဲ့ပညာရေးအသိပညာများ၊ အရေးပေါ်ကယ်ဆယ်ရေးနဲ့ ရှေးဦးသူနာပြုစုခြင်းအစီအစဉ်များ၊ သဘာဝဘေးအန္တရယ်များအတွက် ကြိုတင်ပြင်ဆင်ခြင်းတို့အတွက် သိမှတ်စရာအဖြာဖြာတို့အပြင် ကျန်းမာရေး၊ အသိပညာ၊ စီးပွားရေးနဲ့ သတင်းအချက်အလက်များ၊ မိုးလေ၀သသတင်းများ၊ စိုက်ပျိုးရေးနဲ့သက်ဆိုင်သောအစီအစဉ်များ၊ ယဉ်ကျေးမှုဆိုင်ရာအနုရသများ၊ ခံစားဖန်တီးမှုအနုပညာများ၊ နိုင်ငံတကာသီချင်းများ၊ လူငယ်ကြိုက်တေးသီချင်းများစွာကို နေ့စဉ် နံနက်(၅း၀၀)နာရီမှ ည(၁၁း၀၀)နာရီအထိထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပါသည်။


“ပညာနယ်နိမိတ် ဂီတရိပ်တို့နဲ့ ရွှင်လန်းကျန်းမာယဉ်ကျေးမှုတို့ ထုတ်လွှင့်ရာFMပုဂံ”


About Us

Frequency & Coverage

ရန်ကုန်တိုင်းဒေသကြီး 89.9 MHz
မန္တလေးတိုင်းဒေသကြီး 93.4MHz, 88.3 MHz
နေပြည်တော် 93.7 MHz
မကွေးတိုင်းဒေသကြီး 89.8 MHz, 89.2 MHz
ချင်းပြည်နယ် 89.2 MHz, 89.8 MHz
ဧရာဝတီတိုင်းဒေသကြီး 94.9 MHz
စစ်ကိုင်းတိုင်းဒေသကြီး 93.4 MHz
ရှမ်းပြည်နယ် 93.4 MHz
ပဲခူးတိုင်းဒေသကြီး 94.9 MHz
မွန်ပြည်နယ် 93.7 MHz
တနင်္သာရီတိုင်းဒေသကြီး 94.6 MHz

Today Highlight Program

View All
  • 4:00pm ~ 5:00pm ကလေးကျန်းမာရေးအမေးအဖြေကဏ္ဍ (ပါမောက္ခဒေါက်တာရဲမြင့်ကျော်)
  • 8:00pm ~ 9:00pm ကြီးကြီးမြပေးသောစကားလက်ဆောင်
  • 10:00pm ~ 11:00pm ညတေးကဗျာ
  • 7:00pm ~ 8:00pm ညညှင်းလေပြေ
  • 7:00am ~ 8:00am တောင်ဇလပ်မြေမှတေးသီချင်းများ
  • 10:00pm ~ 11:00pm ဒန်းပေါ်ကစကား
  • 6:00am ~ 7:00am ဓမ္မပူဇာတေး
  • 9:00pm ~ 10:00pm နှလုံးသားသံစဉ်
  • 10~11am & 1~2pm ပန်းကလေးတို့ရဲ့အတွေးကမ္ဘာ
  • 11:am ~ 12:00pm ပုံပြင်နန်းတော်
  • 2:00pm ~ 3:00pm ပြန်လည်ဆန်းသစ်တေးအနှစ်
  • 6:00am ~ 7:00am မေတ္တာစကားဝိုင်း(ဦးရန်အောင်)
  • 11:am ~ 12:00pm လူငယ်ကြိုက်တေးသီချင်းများ(Live)
  • 1~2pm & 8~9pm သတင်း
  • 9:00pm ~ 10:00pm သံစဉ်ဂန္တ၀င်သူ့လက်ရာအစီအစဉ်
  • 1:00pm ~ 2:00pm သိလိုရာမေးတိုင်းရင်းဆေး (ဆရာကြီးဦးရန်အောင်)
  • 5:00am ~ 6:00am အဖွင့်နှုတ်ခွန်းဆက်စကား+ပဋ္ဌာန်းတော်
  • 8:00pm ~ 9:00pm 20 Minutes Symphony
  • 3:00pm ~ 4:00pm Artist Of The Week
  • 6:00am ~ 7:00am Bagan Auto Gallery
  • 7:00am ~ 8:00am Bagan Breakfast
  • 8:00am ~ 9:00am Bagan Kitchen
  • 2:00pm ~ 3:00pm Fan Of the Week
  • 3:00pm ~ 4:00pm Football Focus
  • 1:00pm ~ 2:00pm Notice
  • 8:00am ~ 9:00am Sweet Songs To You
  • 5:00pm ~ 6:00pm The Colorist Songs
  • 12:00pm ~ 1:00pm Today Bagan Special Hits (Live)
  • 9:00am ~ 10:00am Unlike
  • 9:00am ~ 10:00am Wish For You

We are avaliable on

App Store Google Store

Have a song request?